
။ ဒါနလောက်သာ၊တင်းတိမ်ကာဖြင့်၊လေးရွာအပါယ်၊
လွတ်ပြီကွယ်ဟု၊စိတ်ဝယ်ရွှင်ပျ၊နှစ်သိမ့်ကြ၊
အားရ၍လည်းမနေနဲ့ ။
။ သီလလောက်သာ၊တင်းတိမ်ကာဖြင့်၊လေးရွာအပါယ်၊
လွတ်ပြီကွယ်ဟု၊စိတ်ဝယ်ရွှင်ပျ၊နှစ်သိမ့်ကြ၊
အားရ၍လည်းမနေနဲ့ ။
။ သမထလောက်သာ၊တင်းတိမ်ကာဖြင့်၊လေးရွာအပါယ်၊
လွတ်ပြီကွယ်ဟု၊စိတ်ဝယ်ရွှင်ပျ၊နှစ်သိမ့်ကြ၊
အားရ၍လည်းမနေနဲ့ ။
။ ကျွတ်တမ်းဝင်မျှော်၊များသူတော်တို့၊ရှင်တော်ဗုဒ္ဓ၊
ဒုလ္လဘ၌၊ကြုံရလူဖြစ်၊၀ိမုတ်ခေတ်ကို၊ရောက်လင့်ခုခါ၊
ဝိပဿနာကိုခါခါပွားဖို့ မမေ့နဲ့ ။
(မဟာကမ္မဌာနာစရိယ အောင်ဆန်း(တပ်ဦး) ဆရာတော်)