Friday, November 13, 2009

" ကာလ "


ငိုကြွေးမှု့နှစ်ခုကြားကာလ......ဘ၀...တဲ့ ၊
နာရီလက်တံတွေက.....သက္ကရာဇ်ကိုဆွဲခေါ်၊
နာကျင်ရှက်ရွံ့ခြင်းတွေက...တေးတပုဒ်လိုဟစ်အော်၊
အော်သံ ခေါ်သံ ညှော်သံကြားမှာ....ပျော်သလိုဟန်လုပ်၊
ဟူး..........မနိပ်ပါလား ။
lucky strike တစ်လိပ်နဲ့လဘက်ရည်တစ်ခွက်
သူ့စရိတ်ကလည်းမနည်း........................၊
မြောင်းပုပ်ထဲကခြင်တစ်ကောင်.....
မစင်တောင်မချန်တော့ပါလား..၊
ငိုကြွေးမှု့နှစ်ခုကြားကာလ.......အဲဒါ..ဘ၀...တဲ့....။


(၁၉၉၁ ခုနှစ်)
" lucky strike" အစား" london" ဟုပြောင်းလဲရွတ်ဆိုပါ။”

Thursday, November 12, 2009

အိမ်မက်ကိုသိခြင်း


တစ္ဆေအိမ်မက့့်  သွေးယောင်ချေက်ခြား
ရင်တွင်းလှိုက်ခုန့့်  မဲမှောင်ချောက်ကမ်း
သားရဲအော်သံဆူပွက်ညံသည်
အသဲလှပ်လှပ်ရင်၌ဟပ်၏ ။

အိပ်ယာထွန့်လူ့း့စုစည်းအားအင်
ပြင်းထန်သည်နှင့့် ရွေ့ဝေးနှင်ထုတ်
ရုတ်ခြည်းပျေက်ကွယ့့်  အိပ်မက်ငယ်အား
ငါသည်အနိုင်ယူလိုက်၏ ။